Main menu

ကန့်ဘလူမြို့နယ်၌ မိုးမြေပဲများ ရိတ်သိမ်းလျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။ နှစ်စဉ် စပါး၊ ပြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ အဓိက စိုက်ပျိုးကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူခရိုင်အတွင်း၌ ဩဂုတ်လကုန်မှစ၍ ဆီထွက်သီးနှံ မိုးမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိသည်။ ထို့ကြောင့် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာကာ မိသားစုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ မြေပဲသီးနှံရိတ်သိမ်းရာတွင် မြေပဲပင်နုတ်ခြင်း၊ အတောင့်ခြွေခြင်း တို့ပြုလုပ်ရသည့်အတွက် မြေပဲပင်နုတ်(၁)ရက်လျှင် (၁၀၀၀၀)ကျပ်၊ မြေပဲအတောင့်ခြွေခ (၁)တင်းလျှင် (၅၀၀၀)ကျပ်၊ မြေပဲအစိုယူပါက (၃)ပြည်ပေးရ ကြောင်း၊ မြေပဲအတောင့်ခြွေသူများသည် ကျွမ်းကျင်မှုရှိပါက တစ်ရက်လျှင် (၂ မှ ၄)တင်းအထိရ ကြောင်း၊ မြေပဲပင်၏ အတောင့်အနည်းအများပေါ်မူတည်၍လည်း တင်ရေကွာခြားကြောင်း၊ တင်းရေများများရပါက မြေပဲအတောင့်ခြွေက ပိုမိုရရှိကြောင်း၊ မြေပဲရိတ်သိမ်းရာသီဖြစ်သည့်အ တွက်မြေပဲပင်နုတ်ခြင်း၊ မြေပဲအတောင့်ခြွေခြင်းကို နေ့စဉ်လုပ်ကိုင်နေရသည့်အတွက် နေ့စဉ်ဝင်ငွေ ရရှိကာ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း ဒေါ်မြမြ၏ ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)