![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၈_7.jpg?itok=8oXlx2gG)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။
စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ (50)kg တစ်အိတ်လျှင်(၁၈၅၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီတစ်ဘူးလျှင် (၁၃၅၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီတစ်ဘူးလျှင် (၃၆၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခုအပတ်တွင်း ဓာတ်မြေဩဇာဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးရောင်းချသည့် ဆိုင်များထံမှသိရပါသည်။
DOCA(စစ်ကိုင်း)