![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၉_11.jpg?itok=sQSKLbpO)
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် ခွန်အားသစ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ မိုးကောင်ကင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ရွှေပြည့်စုံ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ်၂၀၀၀၀နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ်ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၁၉၀၀၀ဖြင့်ရောင်းချကြောင်း၊ စက်တင်ဘာလ ပထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ဈေးနှုန်းများအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)