![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.17_1.jpg?itok=WUoCPP7p)
ပန်းတနော်မြို့နယ်သည် မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော စပါး၊ ပဲ၊ ပြောင်းကို အဓိကထားစိုက်ပျိုးပြီး ဟင်းသီးဟင်းရွက်နှင့် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များ၊ အစားအသောက်ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသောမြို့ဖြစ်သည်။ပန်းတနော်မြို့နယ်ရှိ မြစ်မွေးမြူရေးလုပ်ငန်းသည် ရန်ကုန်ဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်သို့တင်ပို့ ရောင်းချလျက်ရှိပြီး နိုင်ငံခြားဈေးကွက်ရရှိရေးအတွက် အလားအလာကောင်းများကို ရရှိပြီးဖြစ်သည်။ စပါး၊ ဆန်နှင့် မွေးမြူရေးထုတ်ကုန်များရှိရုံသာမက သင်ဖြူးဖျာလုပ်ငန်းကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချနေမှုကို ပန်းတနော်မြို့နယ်တွင် မြင်တွေ့ရသည်။
ပန်းတနော် ယူကေစိန် ဖျာလုပ်ငန်းတွင် ပိုင်ရှင် ဦးသိန်းဇော်၊ ဒေါ်ဝေမြင့်ဖြစ်ပြီး သင်ဖျာရောင်းဝယ်မှုလုပ်ငန်းကို ၂၀၀၅ခုနှစ်က စတင်ခဲ့ပြီး ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးတွင် ရောင်းချလျက်ရှိသည်။ လုပ်ငန်းတွင် လုပ်သားအင်အား ၂၀ဦးရှိပြီး ဖျာအမျိုးမျိုးကို ယက်လုပ်ကာ တစ်နေ့ ထုတ်လုပ်နိုင်မှု ၁၅၀ချပ် ထွက်ရှိသည်။ ရောင်းချနေသော အမျိုးအစားအလိုက် ဈေးနှုန်းအနေဖြင့် ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ၅၀၀၀ ကျပ်၊ ၂ပေပတ်လည်ဖျာ ၁၆၀၀၀ကျပ်၊ ၁၈လက်မ ပတ်လည်ဖျာ ၂၀၀၀၀ကျပ်၊ ၆ပေ ၃ပေ တစ်ဖက်ချောဖျာ ၄၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ နှစ်ဖက်ချောဖျာ ၅၀၀၀၀ ကျပ်၊ ၆ပေခွဲ ၅ပေ ၃လက်မ တစ်ဖက်ချောဖျာ ၆၀၀၀၀ ကျပ်၊ ၅ပေ ၄လက်မ ၂ပေဖျာ ၁၁၀၀၀ကျပ်၊ ၅ပေ ၄လက်မ ၄ပေ ၂လက်မ ဖျာ ၂၈၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၉လက်မ ဖျာ ၄၀၀၀၀ ကျပ်၊ ၆ပေ ၂ပေ ၁၀လက်မ ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၃၅၀၀၀ ကျပ်၊ ၆ပေခွဲ ၅ပေ ၃လက်မ ၆၃၀၀၀ ကျပ်၊ ၆ပေ ၄ပေ (ခါးဆက်)ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၄ပေ ၄လက်မဖျာ ၃၅၀၀၀ ကျပ်ရောင်းချနေသည်။ယခင်နှစ် ဈေးထက် ၂၀၀၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်တွင် ဆိုင်ခွဲ ၂ဆိုင်ရှိပြီး တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ညောင်လေးပင်၊ ထားဝယ်နှင့် ဘိတ်ဒေသများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။
DOCA(ဧရာဝတီ)