Main menu

ငါးသလောက်နှင့် ငါးမုတ်များ ယခင်နှစ်ထက်ဈေးပိုရ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်သည် ပင်လယ်ပြင်နှင့်  အနီးစပ်ဆုံးသောမြို့ဖြစ်သည်။ ပင်လယ်နှင့် အနီးစပ်ဆုံးဖြစ်သည်နှင့်အညီ ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ ယခုလရာသီသည် ငါးဖမ်းရာသီဖြစ်၍ ငါးဖမ်းသည့် စက်လှေများ၊ ဝါးဖောင်များ ရက်ခြားဆိုသလို အဝင်အထွက်ရှိကြသည်။ အရအမိများသောငါးများမှာ ငါးသလောက်နှင့် ငါးမုတ်ဖြစ်ပြီး အခြားငါးမျိုးစုံကိုလည်း ရရှိကြသည်။

   ငါးသလောက်ဈေးနှုန်းများမှာ ၁၅၀၀ ဂရမ်အထက် (၁၀၀၀၀၀) ကျပ်၊ ၁၂၀၀ ဂရမ်အထက် (၆၄၀၀၀) ကျပ်၊ ၁၀၀၀ ဂရမ်အထက် (၅၄၀၀၀) ကျပ်၊ ၅၀၀ ဂရမ်အထက် (၄၃၀၀၀) ကျပ်၊ ၃၀၀ ဂရမ်အထက် (၂၆၀၀၀) ကျပ်၊ ၂၀၀ ဂရမ်အထက် (၁၄၀၀၀) ကျပ်နှင့် ၂၀၀ ဂရမ်အောက် (၈၀၀၀) ကျပ် အသီးသီးရှိပြီး ၊ ငါးမုတ်ဈေးနှုန်းများမှာ ၄၀၀ ဂရမ်အထက် (၇၆၆၉၅) ကျပ်၊ ၃၀၀ ဂရမ်အထက် (၅၄၆၉၅)ကျပ်၊ ၂၀၀ ဂရမ်အထက် (၃၄၆၉၅) ကျပ်၊ ၁၀၀ ဂရမ် အထက် (၁၉၉၅၀) ကျပ်၊ ၆၀ ဂရမ်အထက် (၆၀၀၀) ကျပ်ရှိသည်။

     ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်မှုရှိသည်ဟု လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)