Main menu

“ပြင်ဦးလွင်ထွက်ပန်းစျေးကွက်”

Powered by Drupal

             တောင်လှေကားမြို့တော်၊ပန်းမြို့တော်၊နှင်းမြို့တော်၊မေမြို့၊ပြင်ဦးလွင်ဆိုပြီး အမည်နာမ(၅) မျိုးနှင့်ကျော်ကြားသော တောင်ပေါ်မြို့ပြင်ဦးလွင်သည် လမ်းပန်းဆက်သွယ်ရေးအထူး ကောင်းမွန်ပြီး မြို့နေတောင်သူအများစုမှာ စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးလုပ်ကိုင်ကြပါသည် ။ စိုက်ပျိုးမှုအနေဖြင့် ရာသီအလိုက်ထွက်ပေါ်သော ပန်းမာလ်များအား အဓိကစိုက်ပျိုးကြပါသည် ။ ပြင်ဦးလွင်မြို့နယ်တွင် ပန်းမာန်စိုက်ဧက(၃၃၀၅)ဧကစိုက်ပျိုးထားပြီး မိုးပန်းစိုက်ဧက(၁၃၇၈)နှင့် ဆောင်းပန်း စိုက်ဧက(၁၉၂၇)စိုက်ပျိုးထားရှိပါသည် ။ ပန်းမာန်အမျိုးအစားများမှာ သစ္စာပန်း၊ အက်စတာ(မေမြို့ ပန်း)၊ဂန္ဓမာ(ကီလို)၊ပန်းတိမ်ငိုပန်းနှင့်ယခုအခါလီလီပန်းအနည်းငယ်ကိုလည်းစမ်းသပ်စိုက်ပျိုးလျက် ရှိပါသည်။ပန်းအမျိုးအစားအလိုက်(၁)ဧကကုန်ကျစရိတ်မှာသစ္စာပန်း(၂၃၀၀၀၀၀-၂၈၀၀၀၀၀)ကျပ်၊   ဂန္ဓမာ(ကီလို) (၃၅၀၀၀၀၀-၄၀၀၀၀၀၀)ကျပ်၊အက်စတာ(မေမြို့ပန်း)(၁၉၀၀၀၀၀-၂၃၀၀၀၀၀)ကျပ် ၊ ပန်းတိမ်ငိုပန်း(၃၀၀၀၀၀၀)ကျပ် ကုန်ကျကြောင်းသိရှိရပါသည်။ပန်းအမျိုးအစားအလိုက်(၁)ဧက အထွက်နှုန်းများမှာ သစ္စာပန်း(၅)ပင်စည်း အစည်းရေ (၁၂၀၀၀)စည်း ၊ ဂန္ဓမာ(ကီလို) အစည်းရေ (၄၀၀၀)စည်း၊ အက်စတာ(မေမြို့ပန်း) အစည်းရေ(၅၀၀၀)စည်း နှင့် ပန်းတိမ်ငိုပန်း(၁၀)ပင်စည်း အစည်းရေ(၁၅၀၀၀)စည်း ထွက်ရှိကြောင်းလေ့လာသိရှိရပါသည်။လက်ရှိပန်းအမျိုးအစားအလိုက် ပန်းစိုက်တောင်သူ၊ ပွဲရုံလုပ်ငန်းရှင်နှင့် လက်လီရောင်းဝယ်သူတို့ရောင်းဝယ်လျက်ရှိသော စျေးနှုန်းစျေးကွက်မှာ သစ္စာပန်းအမျိုးအစားအလိုက် ပွဲရုံဖြတ်စျေး (၂၂၀-၃၅၀)ကျပ် ၊ ပွဲရုံပြန်ရောင်းစျေး (၂၅၀-၄၀၀)ကျပ်၊ လက်လီစျေး(၃၅၀-၅၀၀)ကျပ်၊ ဂန္ဓမာ(ကီလို) ပွဲရုံဖြတ်စျေး (၁၆၀၀-၁၈၀၀)ကျပ်၊ ပွဲရုံပြန်ရောင်းစျေး(၁၇၀၀-၁၉၀၀)ကျပ်၊ လက်လီစျေး(၁၈၀၀-၂၀၀၀)ကျပ်၊ အက်စတာ(မေမြို့ပန်း) ပွဲရုံဖြတ်စျေး(၆၅၀ကျပ်၊ပွဲရုံပြန်ရောင်းစျေး(၇၀၀)ကျပ်၊လက်လီစျေး(၈၀၀)ကျပ်နှင့် ပန်းတိမ်ငိုပန်းမှာ ယခုကာလတွင် ထွက်ပေါ်ခြင်းမရှိသေးကြောင်း သိရှိရပါသည် ။ ပန်းစျေးကွက်အနေဖြင့် ရန်ကုန်သီရိမင်္ဂလာပန်းစျေးနှင့် မန္တလေးသီရိမန္တလာစျေးသို့  အဓိကတင်ပို့ပြီး   အခြားပြည်တွင်းရှိ မြို့များ ကိုလည်းတင်ပို့ရောင်းချကြပါသည်။နေ့စဉ်(၁၂)ဘီးကားများဖြင့် တစ်လလျှင် ပန်းမာလ်တန်(၁၉၈၀) တန်တင်ပို့လျက်ရှိပြီး ပန်းထွက်ကာလ(၇)လဖြင့်တွက်လျှင် ပန်းမာလ်တန်ချိန်ပေါင်း(၁၃၈၆၀)တန် အားနှစ်စဉ်တင်ပို့လျက်ရှိကြောင်း ပြင်ဦးလွင် ပန်းမာလ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှသိရှိရပါသည်။