Main menu

တောင်ငူမြို့တွင် အာလူးနှင့်မြေပဲဈေးကျ

Powered by Drupal

        တောင်ငူမြို့တွင် အာလူးဈေးမှာ ယခင်ဩဂုတ်လဝက်ခန့်က တစ်ပိဿာလျှင် အသေး ၃၈၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၄၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်နှင့် အကြီး ၄၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၈၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။

       မြေပဲဆန်(အဖြူ)မှာ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ရှိသဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆန် (အနီ) မှာ ယခင်ဩဂုတ်လဝက်ခန့်က တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်နှုန်းကျဆင်းလာပါသည်။

            ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိသဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)