Main menu

တောင်ငူမြို့မှ သပြေစိုက်ပျိုးသူများ အပိုဝင်ငွေရ

Powered by Drupal

      မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။

       သပြေပင်သည် စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့်စရိတ်စမှာလည်း အနည်းဆုံးဖြစ်ပါသည်။ ဘုရားပန်းအိုး၊ နတ်ပန်းအိုးများတွင် အောင်သပြေညွန့်အဖြစ် အသုံးပြုကြသည့်အတွက် ရောင်းအားကောင်းကြောင်းသိရပါသည်။သပြေပန်း ၁၀ညွန့်ပါ တစ်စည်းလျှင် ယခင်ဩဂုတ်လ နောက်ဆုံးပတ်တွင် ၄၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုစက်တင်ဘာ၊ လဒုတိယအပတ်တွင် တစ်စည်းလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချသဖြင့် ဈေးနှုန်း ၁၀၀ကျပ်တက်သွားပါသည်။ ဘုရားကပ်လှူရာတွင် အခြားပန်းများနှင့်မတူဘဲ တမူထူးခြားသပ္ပါယ်သည့်အတွက် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)