Main menu

တောင်ငူမြို့တွင် နာနတ်သီးဈေးကျပြီး ဖရဲသီးဈေးတက်

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ သီပေါဒေသမှထွက်ရှိသော ပျားရည်သီးဟုအမည်ရသည့် နာနတ်သီးများနှင့် ဖရဲသီးများဝင်ရောက်လျက်ရှိပါသည်။

         နာနတ်သီးမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် အကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်၊ နှစ်လုံးဝယ်ယူလျှင် ၃၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်လုံးလျှင် ၁၅၀၀ကျပ်၊ နှစ်လုံးယူလျှင် ၂၅၀၀ကျပ်ဖြင့်ဈေးနှုန်းကျဆင်းလာပါသည်။  

            နာနတ်သီးအသေးမှာ တစ်လုံးလျှင် ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် ၁၅၀၀ကျပ်၊ နှစ်လုံးယူလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်လုံးလျှင် ၁၀၀၀ကျပ်၊ သုံးလုံးယူလျှင် ၂၅၀၀ကျပ်ဖြင့်ဈေးနှုန်းကျဆင်းလာပါသည်။

            ဖရဲသီးမှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်လုံးလျှင် ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ကျပ်မြင့်တက်လာကြောင်း တောင်ငူမြို့ရှိ သစ်သီးဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)