Main menu

ကန့်ဘလူမြို့နယ်၏ မတ်ပဲဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း သို့ဝင်ရောက်လျက်ရှိပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း၌ ဈေးနှုန်းများမှာ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၃၀၀၀ကျပ်၊ မတ်ပဲထွက်တိုးတစ်တင်းလျှင် ၉၈၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။

    မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး စက်တင်ဘာလ ပထမပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုဒုတိယပတ်အတွင်း မတ်ပဲ(ဂျပန်) တစ်တင်းလျှင် ငွေကျပ်(၂၀၀၀)၊  မတ်ပဲထွက်တိုးတစ်တင်းလျှင် ငွေကျပ်(၂၀၀၀) ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)