Main menu

ဆောင်းကြက်သွန်နီဈေးနှုန်းနှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

       မြင်းခြံခရိုင်၏ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ အကြီးစတစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၁၀၀)ကျပ်ဖြင့်လည်းကောင်း၊ အလတ်စတစ် ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ အသေးစတစ်ပိဿာလျှင် (၁၂၀၀) ကျပ်မှ (၁၄၀၀) ကျပ်ဖြင့်လည်းကောင်း အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ဈေးနှုန်းများအနေဖြင့် ယခုအပတ်၏ ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိကြောင်းနှင့် မြင်းခြံခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ကျေးရွာများအနက် ကံဆင့်ကျေးရွာမှထွက်ရှိသော ဆောင်းကြက်သွန်နီများမှာ အရည်အသွေးကောင်းပြီး သိုလှောင်ရာတွင် ကြာရှည်အထားခံ၍ အရည်အသွေးမကျခြင်းတို့ကြောင့် ဈေးကွက်၌ ဈေးကောင်းရရှိပါသည်။

        မြင်းခြံခရိုင်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများမှ မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ (၇၀၀၀၀)ကျော်မှ ပိဿာ(၈၅၀၀၀) ကျော်ဝင်ရောက်လျက်ရှိပါသည်။ တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များသို့ (၆)ဘီးကား (၁၂)ဘီးကားများဖြင့်တင်ပို့ပြီး ယခုအပတ်၏ ဆောင်းကြက်သွန်နီတင်ပို့မှုကုန်ချိန်အနေဖြင့်  (၁၁၃၉၀၄)ပိဿာ၊ တန်ချိန်အားဖြင့် (၁၈၆)တန်ခန့်တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။ ယခင်အပတ်တင်ပို့မှုမှာ ကုန်ချိန် (၁၀၄၁၀၆)ပိဿာ၊ တန်ချိန်အားဖြင့် (၁၇၀)တန်တင်ပို့မှုရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ကုန်ချိန်ပိဿာ(၉၇၉၈)ပိဿာ၊ တန်ချိန်အားဖြင့် (၁၆)တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။ ကြက်သွန်နီတစ်ပိဿာ ယာဉ်သယ်ယူစရိတ်နှုန်းထားများအနေဖြင့် မြင်းခြံမှ မန္တလေးသို့ (၅၀)ကျပ်၊ မြင်းခြံမှ ရန်ကုန်သို့ (၁၅၀)ကျပ်၊ မြင်းခြံမှ နေပြည်တော်သို့ (၁၂၀)ကျပ်၊ မြင်းခြံမှ မော်လမြိုင်သို့ (၁၉၀)ကျပ် စသည့်နှုန်းထားအသီးသီးဖြင့် သယ်ယူပို့ဆောင်ရောင်းချလျက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)