Main menu

မြင်းခြံကြက်သွန်နီဈေး ခပ်အေးအေး

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံဈေးကွက်သို့ နွေကြက်သွန်နီများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ပျမ်းမျှပိဿာချိန် (၇၀၀၀၀)မှ ပိဿာချိန် (၈၀၀၀၀) ခန့်ထိရှိကြောင်း၊ စက်တင်ဘာလ ပထမပတ်တွင် ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် (၅၅၀၀၀)ပိဿာခန့်ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် အနိမ့်ဆုံးဈေးမှာ (၁၅၀၀)ကျပ်ခန့်ရှိပြီး၊ အမြင့်ဆုံးဈေးမှာ (၂၃၀၀)ကျပ်ခန့်ရှိခဲ့ပါသည်။ မြင်းခြံခရိုင်တွင် ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် တောင်သာမြို့နယ်မှာ အများဆုံးစိုက်ပျိုးပြီး ဝင်ရောက်မှုမှာလည်း အများဆုံးဖြစ်ပါသည်။ ယခုဒုတိယပတ်အစတွင် အနိမ့်ဆုံးဈေးမှာ (၁၅၅၀)ကျပ်ခန့်နှင့် အမြင့်ဆုံးဈေးမှာ (၂၃၅၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ၍ လက်ရှိအချိန်အရ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တစ်ပိဿာလျှင် (၅၀)ကျပ်ခန့်သာအတက်ရှိပြီး ဈေးအေးလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဝယ်ယူသုံးစွဲမှုအပြင် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်မြို့ကြီးများသို့ အများဆုံးတင်ပို့ရောင်းချကြောင်း၊ တစ်ပိဿာလျှင် ကားတင်ပို့မှုဈေးနှုန်းများအနေဖြင့် မြင်းခြံမှ မန္တလေးသို့ (၅၀)ကျပ်၊ မြင်းခြံမှ ရန်ကုန်သို့ (၁၅၀)ကျပ်၊ မြင်းခြံမှ မော်လမြိုင်သို့ (၁၉၀)ကျပ်ရှိကြောင်း ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)