![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ခရမ်းချဥ်သီး_15.jpg?itok=HzSM7lun)
မော်လမြိုင်မြို့၏ အေးသာယာကုန်စိမ်းဈေး၌ ခရမ်းချဉ်သီးဈေးနှုန်း အခြေအနေ မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)အတွင်း တစ်ပိဿာလျှင် ကျပ် ၂၃၀၀ မှ ၂၅၀၀ ကျပ်အတွင်းဖြစ်ခဲ့ရာမှ စက်တင်ဘာလ (တတိယပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ ကျပ်ခန့် သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူများမှ သိရှိရသည်။
ယခင်လ ၂၀၂၄ ခုနှစ်၊ ဩဂုတ်တွင် တစ်ပိဿာလျှင် ကျပ် ၂၂၀၀ ဖြစ်ပြီး ယခုလ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုလမှာ ခရမ်းချဉ်သီးဈေးနှုန်း သိသိသာသာ ဈေးနှုန်း မြင့်တက်ကြောင်း သိရသည်။
ထိုသို့ ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ရှမ်းပြည်နယ်မှ မော်လမြိုင်သို့ ဝင်ရောက်မှုရှိသည့် ခရမ်းချဉ်သီးကားအရေအတွက်နည်းပါးခြင်း၊ ရာသီဥတုနှင့် လမ်းခရီးအခက်အခဲတို့ကြောင့် ကုန်စည်များစီးဆင်းမှုနည်းပါးခြင်းဖြစ်ကြောင်း ကုန်စိမ်းအရောင်းအဝယ်ကုန်စည်ဒိုင်များမှ သိရှိရသည်။
DOCA(မွန်)