Main menu

စက်တင်ဘာလ တတိယပတ်တွင် မော်လမြိုင်မြို့၌ အာလူး ဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

     ရှမ်းပြည်နယ်မှ မော်လမြိုင်မြို့သို့ ဝင်ရောက်မှုရှိသည့် အာလူးများသည် အပတ်စဉ် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသည်။ ယင်းမှ တစ်ဆင့်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြသည်။ ယခင်လက အားလူးဈေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဖြစ်ခဲ့ရာမှ ယခုလ စက်တင်ဘာလ၌ အာလူးဈေးနှုန်း တစ်ပိဿာလျှင်   ၆၅၀၀ ကျပ်၊ ဈေးနှုန်းမြင့်တက်လာ၍ ကွာခြားမှု ၅၀၀ကျပ် ဖြစ်သည်။

    ယခုလ စက်တင်ဘာလ(တတိယပတ်)အထိ အာလူးဈေးမြင့်တက်ရခြင်းမှာ ရှမ်းပြည်နယ်မှ မော်လမြိုင်သို့ လမ်းခရီးအခက်အခဲဖြစ်၍ အာလူး တင်ပို့မော်တော်ယာဉ်ကား ဝင်ရောက်မှုနည်းပါးမှုကြောင့်၊ ဈေးနှုန်းမြှင့်တက်ရခြင်းဖြစ်ကြောင်း  အာလူးရောင်းချသူများမှ သိရှိရပါသည်။

DOCA(မွန်)