Main menu

ပြည်မြို့၏ ဝါးယောင်းမှိုဈေးကွက်

Powered by Drupal

    ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိဈေးများတွင် စက်တင်ဘာလဒုတိယပတ်မှစတင်၍ ဝါးယောင်းမှိုများ ဈေးကွက်ထဲတွင် ရောင်းချလျက်ရှိပါသည်။ ယခုကာလသည် ပေါ်ဦးပေါ်ဖျား ရှားပါးချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ပေါက်ခေါင်း၊ ရွှေတောင်၊ ပန်းတောင်းနှင့် ပြည်ဒေသရှိ ကျေးရွာများမှ ဝါးယောင်းမှိုများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလဒုတိယပတ်တွင် လက်ကားဈေး တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ တချို့ခေါင်းရွက်ဈေးသည်များမှာ ဝါးယောင်းမှိုကို အင်ဖက်ဖြင့် ကတော့လေးများထိုး၍ ရောင်းချသည်ကို တွေ့ရပါသည်။ ရာသီပေါ်ဖြစ်၍ စားသုံးသူများအနေဖြင့် ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြသကဲ့သို့ ရောင်းချသူများအနေဖြင့်လည်း တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)