Main menu

လက်ပံတန်းမြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဩဂုတ်လဒုတိယပတ်မှ ဩဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီ (အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀/၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေ ခဲ့သော်လည်း ကြက်သွန်နီများကို မိုးရာသီတွင်စားသုံးရန် စားသုံးသူများက သိုလှောင်ကြပြီး ကြက်သွန်နီများမှာ ဈေးကွက်အတွင်း၌ ယခုစက်တင်ဘာလဒုတိယပတ်ထိ(၂၈၀၀/၃၀၀၀)ကျပ် ဈေးနှုန်း ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဩဂုတ်လဒုတိယပတ်မှ တတိယပတ်ထိ အာလူးတစ်ပိဿာလျှင် (၄၅၀၀/၆၀၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး ယခုစက်တင်ဘာဒုတိယပတ်တွင် (၄၅၀၀/၆၀၀၀)ကျပ်ဖြင့် ဈေးငြိမ်စွာ ဆက်လက်ရောင်းချလျက်ရှိကြောင်း  ဈေးကွက်အတွင်းမှ ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)