Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

Powered by Drupal

           ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်‌နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ရတနာဦးယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone   ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီတစ်ပေပါလျှင် ၁၁၀ပိဿာပါ စားအုန်းဆီ ၆၀ပေပါကို ယာဉ်မောင်း ဦးအောင်မျိုးဟိန်း၊ မော်တော်ယာဥ်အမှတ် 7J-2781/ ISUZU အမျိုးအစား မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ ၆၀ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရက်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)