![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၇၂_3.jpg?itok=zW5zEdic)
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် သစ်ကိုအခြေခံ၍ အနုပညာလက်မှုပစ္စည်းပြုလုပ်သောလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော လုပ်ငန်း(၁)ခုရှိပါသည်။ ကုန်ကြမ်းအနေဖြင့် သစ်မာမျိုးစုံ အသုံးပြုပြီး ကုက္ကို၊ ဘင်ဂ၊ ပိတောက်သားများအသုံးပြု၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်သား (၁၅)ဦးခန့်အသုံးပြုပြီး တစ်ရက်လုပ်အားခငွေကို ပုတ်ပြတ် ၈၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိပေးချေရကြောင်းသိရှိရပါသည်။ ပန်းပု၊ ပန်းပွတ် အနုပညာပစ္စည်းများပြုလုပ်ရာတွင် သစ်သားကို လွှပိုင်းဖြင့်သော်လည်းကောင်း၊ ချိန်းစောအတိုဖြင့်သော်လည်းကောင်း ပုံကြမ်းဖော်ခြင်း၊ ပညာရှင်မှ ပန်းပု၊ ပန်းပွတ်ဖြင့် ပုံပြန်ဖော်၍ အချောချောခြင်း၊ ဆေးတင်ခြင်းဖြင့် အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ အကျိုးအမြတ်မှာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ၂၀% ခန့်အကျိုးအမြတ်ရရှိကြောင်းသိရှိရပါသည်။ ကုန်ကြမ်းကို ကျွဲပွဲနှင့် တောင်ငူမြို့တွင်းမှ ဝယ်ယူရရှိကြောင်းသိရှိရပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချသည့်အပြင် ရန်ကုန်မြို့ Shopping Center များနှင့် ပဲခူးမြို့ ဒေသထွက်ကုန် အရောင်းစင်တင်တွင်လည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)