![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၇၆_2.jpg?itok=K9JN6uVR)
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် စက်တင်ဘာလ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံနှစ်ကောင်(အနီ) တစ်အိတ်လျှင် (၁၂၆၀၀)ကျပ်၊ Apache တစ်အိတ်လျှင် (၁၂၂၀၀)ကျပ်၊ Alpha တစ်အိတ်လျှင် (၁၁၉၀၀)ကျပ်ဖြစ်နေကြောင်းသိရှိရသည်။ ယခင်လဈေးနှုန်းများအနေဖြင့် ကြံနှစ်ကောင် (အနီ)တစ်အိတ်လျှင် (၁၂၄၀၀)ကျပ်၊ Apache တစ်အိတ်လျှင် (၁၁၉၀၀) ကျပ်၊ Alpha တစ်အိတ်လျှင် (၁၁၉၀၀)ကျပ်ဖြစ်သဖြင့် ယခင်လဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါသည်။
ယခုအခါသည် မိုးတွင်းကာလဖြစ်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်မလုပ်ကိုင်သေးသဖြင့် ဈေးနှုန်းအတက်အကျမှာ အနည်းငယ်တည်ငြိမ်လျက်ရှိကြောင်း ပဲခူးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တချို့ထံမှသိရှိရပါသည်။
DOCA(ပဲခူး)