![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၉၀_5.jpg?itok=2jVK_0Cq)
ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် ခရမ်းချဉ်သီးများကိုရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်းမှထွက်ရှိသည့် ခရမ်းချဉ်သီးများမရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသ ထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အပြင် မိုးလေဝသရာသီဥတုကြောင့် မိုးများရွာသွန်းပြီး ရေကြီးနစ်မြုပ်ခြင်းများဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ ခရမ်းချဉ်သီးများမှာ ရက်များကြာ၍ ပျက်စီးခြင်း၊ ပုပ်ခြင်းများဖြစ်၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်) တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ (၁)ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ (၅၀၀ဝိ/-)ကျပ်မှ (၆၀၀ဝိ/-)ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)