
မွန်ပြည်နယ် မော်လမြိုင်မြို့သို့ စက်တင်ဘာလ (တတိယပတ်)ထိ ကြက်သွန်နီ စီးဝင်မှုမှာ(မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး) တို့မှ စီးဝင်မှု စုစုပေါင်း ( ၄၉၁၃၇ အိတ်) နှင့် ( ၄၉၁၃၇၀ ပိဿာ)စီးဝင်ခဲ့ခြင်းနှင့် ယင်းမှ မော်လမြိုင်မြို့မှ စီးထွက်မှုမှာ စုစုပေါင်း (၂၄၅၆၈အိတ်)နှင့် (၂၄၅၆၈၀ ပိဿာ) ဘားအံမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ခမီ၊ ရေး၊ သံဖြူဇရပ်မြို့များသို့ စီးထွက်ခြင်းဖြစ်ကြောင်း မော်လမြိုင်ကြက်သွန်နီပွဲရုံနှင့် ကုန်စည်ဒိုင်မှ သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် ကြက်သွန်နီ ဈေးနှုန်း အခြေအနေမှာ မြစ်သားကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ် ၂၆၀၀၊ မြစ်သား ကြက်သွန်နီ(အလတ်)တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ မြစ်သားကြက်သွန်နီ(အငယ်) တစ်ပိဿာ လျှင် ကျပ်၁၉၀၀၊ မိုးကြက်သွန်နီ(အကြီး)တစ်ပိဿာလျှင် ကျပ်၂၅၀၀၊ မုံရွာ ကြက်သွန်နီ(အလတ်) တစ်ပိဿာလျှင် ကျပ် ၂၃၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၁၈၀၀ ဖြစ်သည်။ အဆိုပါ ကြက်သွန်နီဈေးနှုန်းမှာ စက်တင်ဘာလ ပထမပတ်မှ တတိယပတ်ထိ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)