မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာတွင် ပဲတီစိမ်းစိုက်ဧက(၂၀)ဧကကို တောင်သူ(၁၇)ဦးမှ မိုးဦးကျကာလဖြစ်သည့် ၂၀၂၄ခုနှစ်၊ ဇွန်လတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်ကိုအသုံးပြု၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မယ်ဇလီတောကျေးရွာနေ ပဲတီစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် ပဲတီစိမ်း(၂)ဧကခန့် စိုက်ပျိုးခဲ့ပြီး (၁)ဧကလျှင် မျိုး(၄)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကို ယခင်နှစ်စိုက်ပျိုးထွက်ရှိသည့် ပဲတီစိမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ပြီး စက်တင်ဘာလ(ပထမပတ်)တွင် စတင်ခူးဆွတ်ကြောင်း၊ ပဲတီစိမ်းသီးနှံမှာ ထွက်ရှိချိန်တွင် (၂)ကြိမ်ခွဲ၍ ခူးဆွတ်နိုင်သော သီးနှံ ဖြစ်ပြီး (၁)ဧကလျှင်(၁၅)တင်းထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၆၀၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ပေါ်ရှိ ပွဲရုံများတွင် ရောင်းချပြီး ၎င်းပွဲရုံများ မှတဆင့် မန္တလေးမြို့သို့တင်ပို့ကာ ထိုမှတဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မကွေး)