Main menu

အောင်လံကုန်စည်ဒိုင်၏ နှမ်းဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့် ပဲမျိုးစုံသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အနိမ့်စ နှမ်းနက်(စမုန်) (၁)တင်းလျှင် ကျပ်(၁၆၀၀၀၀ မှ ၁၆၆၅၀၀)၊ ထိပ်စ နှမ်းနက်(စမုန်) (၁)တင်းလျှင် ကျပ်(၁၇၀၀၀၀ မှ ၁၉၆၅၀၀) ဖြစ်၍ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အနိမ့်စ နှမ်းနက်(စမုန်) ကျပ်(၁၀၀၀၀) ဈေးနှုန်းမြင့်တက်ခဲ့ပြီး ထိပ်စ နှမ်းနက်(စမုန်) ကျပ်(၃၀၀၀ မှ ၁၃၅၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း နှမ်းနက်(စမုန်)တင်းရေ (၂၂၄၀၀)တင်း၊ တန်ချိန်(၂၇၉)တန် အရောင်းအဝယ်ရှိခဲ့ပါကြောင်း သိရသည်။

     နှမ်းနီဈေးနှုန်းမှာ (ဒုတိယပတ်)တွင် (၁)တင်းလျှင် အနိမ့်စ ကျပ်(၁၁၀၀၀၀)၊ ထိပ်စ ကျပ်(၁၁၃၃၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ တစ်ပတ်အတွင်း နှမ်းနီတင်းရေ (၆၆၀)၊ တန်ချိန်(၁၆)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တင်းရေ(၂၇၀)၊ တန်ချိန်(၆.၆)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

    ဈေးကွက်အနေဖြင့် နှမ်းနက်(စမုန်)နှင့်နှမ်းဖြူတို့ကို မန္တလေးမြို့သို့တင်ပို့ရောင်းချပြီး နှမ်းနီကို မြို့နယ်တွင်း ဆီစက်လုပ်ငန်းများမှ ဝယ်ယူကြကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)