Main menu

မင်္ဂလာတောင်ညွန့်မြို့နယ်၏ ကြက်ဘဲဈေးဒိုင်ဈေးကွက်အခြေအ‌နေ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမနှင့် သံသုမာလမ်းထောင့်ရှိ ကြက်ဘဲဈေးဒိုင်၏ ၁၇-၉-၂၀၂၄ ရက်နေ့၏ ဈေးကွက်ဈေးနှုန်းများအရ နေ့စဉ်ကြက်ကောင်ရေ ( ၇၀၀၀၀) ခန့်နှင့် ဘဲကောင်ရေ (၁၅၀၀) ခန့်တို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

       စက်တင်ဘာလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်  အကောင်ပြတ်တစ်ပိဿာဈေးနှုန်းမှာ ဗမာကြက် ၁၈၅၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ ကြက်နီ ( မွေးထီး )  ၁၁၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ကြက်နီ (မွေးမ) ၈၀၀၀ကျပ်မှ ၈၅၀၀ကျပ်တို့ရှိပါသည်။ စီပီ အသားတိုးကြက်မှာ တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်မှ ၁၁၀၀၀ကျပ်နှင့် ချယ်ရီ / ဘယ်ရီဘဲတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ဓာတ်ဘဲတစ်ပိဿာလျှင်  ၆၀၀၀ကျပ်တို့ရှိကြောင်းသိရှိရပါသည်။

      ကြက်/ဘဲဈေးဒိုင်ဈေးကွက်အရ ယခင်လဈေးနှုန်းနှင့် ယခုလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဗမာကြက်တစ်ပိဿာလျှင် ၅၀၀၀ကျပ်ခန့်၊ စီပီ အသားတိုးကြက်မှာ တစ်ပိဿာလျှင် ၃၃၀၀ကျပ်ခန့်၊ ချယ်ရီ / ဘယ်ရီဘဲတစ်ပိဿာလျှင် ၄၀၀၀ကျပ်ခန့်ဈေးမြင့်တက်လာကြောင်း၊ ကြက်နီ(မွေးမ)မှာ ဈေးပြောင်းလဲမှုမရှိကြောင်း၊ ကြက်နီ(မွေးထီး)မှာ ကြက်အကောင်အရွယ်အစားပေါ်မူတည်ပြီး ဈေးအတက်အကျရှိသဖြင့် ပုံမှန်အရွယ်အစားထက် အကောင်ငယ်သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း  ဈေးတာဝန်ခံထံမှ ဈေးကွက်သတင်းမေးမြန်းစုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)