Main menu

ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးမှ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍  မိမိရယူထားခြင်းမရှိသော ဝန်ဆောင်မှုအတွက် ဖုန်းဘေလ်များဖြတ်တောက်ခံနေရသောကြောင့်  စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ဆက်သွယ်ရေးကုမ္ပဏီထံသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ  ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက  တိုင်ကြားသူ၏ ဖုန်းနံပါတ် (၀၉-xxxxxxxxx) ထံ အကြိမ်ကြိမ်ခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသဖြင့် ၎င်း၏ ဖုန်းနံပါတ်အား စစ်ဆေးခဲ့ရာ ဖုန်းဘေလ်ဖြတ်တောက်ခံရသည်ဟု ယူဆရသော ဝန်ဆောင်မှုများမှာ ဖုန်းဘေလ်ဖြတ်တောက်ခြင်းမရှိဘဲ သာမန်ဖုန်းသုံးစွဲမှုဖြင့်သာ ဘေလ် ဖြတ်တောက်ထားသည်ကို တွေ့ရှိပါကြောင်း၊ ထပ်မံ၍ တိုင်ကြားသူ၏ ဖုန်းနံပါတ် (၀၉-xxxxxxxxx) အား စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဝန်ဆောင်မှုတစ်ခုမှ ဖုန်းဘေလ်ဖြတ်တောက်ထားသည်ကို တွေ့ရှိခဲ့ရသဖြင့် ဖြတ်တောက်ထားသော ဖုန်းဘေလ်များကို ပြန်လည်ဖြည့်တင်းပေးခဲ့ပြီး ၎င်းဝန်ဆောင်မှုကိုလည်း ဖျက်သိမ်းပေးခဲ့သည့်အတွက် တိုင်ကြားသူမှလည်း သဘောတူကျေနပ်လက်ခံခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။ ဌာနမှတာဝန်ရှိသူက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။