Main menu

ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ ဖုန်းဘေလ်ဖြည့်သွင်းခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ၎င်း၏ CB Bank Account မှ ၎င်း၏ ဖုန်းနံပါတ်ဖြစ်သော (၀၉-xxxxxxxxx) သို့ ဖုန်းဘေလ်ဖြည့်ခဲ့သော်လည်း ဘေလ်ရောက်ရှိခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ဆက်သွယ် ရေးကုမ္ပဏီမှ တာဝန်ရှိသူများထံသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန် ရှိသူများက စိစစ်ရာတွင် CB Bank ဘက်မှ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် တိုင်ကြားသူ၏ ဘဏ်စာရင်းမှ ဆက်သွယ်ရေးကုမ္ပဏီ၏ Wallet သို့ ပြုလုပ်သော လွှဲပြောင်းမှုအတွက် Response Log ပေးပို့နိုင်ခြင်းမရှိသောကြောင့်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဤလွှဲပြောင်းမှု ချွတ်ယွင်းချက်ကို သိရှိသည်နှင့် CB Bank သို့ ဆက်သွယ်၍ လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ရန် အကြောင်းကြား ခဲ့ပြီး တိုင်ကြားသူ၏ ဖုန်းနံပါတ်သို့ ဖုန်းဘေလ် ၅၀,၀၀၀/-ကျပ်အား ၂-၈-၂၀၂၄ ရက်နေ့တွင် ထည့်သွင်းပေးခဲ့ပြီဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။ ဌာနမှတာဝန်ရှိသူက တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဘေလ်လက်ခံရရှိပါကြောင်းနှင့် ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြောကြားလာခဲ့ပါသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။