ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် စက်တင်ဘာလအတွင်း ငါးရံ့ခြောက်ကို ဒေသထွက်ကုန် တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်ကို ခရီးသွားပြည်သူများအနေဖြင့် လက်ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြပါသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့အစို တစ်ပိဿာကို ၇၀၀၀၀ကျပ်ဈေးမှ ၇၂၀၀၀ဈေးအထိ အကောင်ကြီး၊ သေးပေါ်မူတည်၍ ဝယ်ယူရပြီး အဆိုပါငါးအစိုကို ခွဲခြမ်းပြီးနေလှန်းရာတွင် ငါးခြောက်အဖြစ် ၃၅ ကျပ်သားသာ ထွက်ရှိပါသည်။ ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျ ငွေ ၂၅၀၀၀ ကျပ်ဖြစ်ပြီး ငါးရံခြောက်တစ်ပိဿာ ၇၇၀၀၀ကျပ် မှ ၈၀၀၀၀ကျပ်ဈေးဖြင့်ရောင်းချရသည့် အပေါ် စီးပွားဖြစ်လုပ်ကိုင်သူများအတွက် တွက်ခြေကိုက်ပြီး တစ်ပိုင်တစ်နိုင် ထုတ်လုပ်သူများအတွက် အမြတ်အစွန်းအနည်းငယ်သာကျန်ရှိမည်ဖြစ်သော်လည်း ပဲခူးမြို့အတွင်း ငါးရံ့ခြောက်လုပ်ငန်းမှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)