Main menu

ပဲခူးတိုင်းဒေသကြီးအတွင်း ဘဲဥများ အရောင်းသွက်နေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာစဲမြို့နယ်များရှိ ဘဲမွေးမြူရေးခြံများမှ ဘဲဥများအား သနပ်ပင်မြို့နယ်ရှိ ဘဲဥဒိုင်များသို့ နေ့စဥ် ဘဲဥ အလုံး (၃၀၀)တွဲ (၁၀)တွဲ၊ (၁၅)တွဲ ပေးပို့ရာ၌ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ဘဲဥတစ်လုံးလျှင် (၄၂၀)ကျပ်နှုန်းဖြင့် ဘဲဥအလုံး(၃၀၀)တွဲ တစ်တွဲလျှင် လက်ကားဈေး ကျပ် (၁၂၆၀၀၀) ဖြင့် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း၊ နေ့စဉ်ဒိုင်ခွဲများသို့ ပေးပို့နေရသည့်အတွက် အရောင်းသွက်နေသဖြင့် လက်ကျန်မရှိကြောင်း ၊ ပဲခူးမြို့ပေါ်ရှိ ဘဲဥဒိုင်များမှ လက်ကားဈေးနှင့် လက်လီဈေးများအတွက် ဘဲဥတစ်လုံးလျှင် (၄၈၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ပြီး  ပဲခူးမြို့ပေါ်ရှိ အိမ်ဆိုင်၊ ဈေးဆိုင်များက ဘဲဥတစ်လုံး လျှင် (၅၀၀) ကျပ်မှ (၅၅၀) ကျပ်နှုန်းဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

 

DOCA(ပဲခူး)