Main menu

တောင်ငူမြို့တွင် ရောင်းချလျက်ရှိသည့် ရှမ်းပြည်ထွက်ကန်စွန်းဥများ

Powered by Drupal

    တောင်ငူမြို့ ညောင်ပင်ဈေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ဒေသထွက် ကန်စွန်းဥများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

     ကန်စွန်းဥကို ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ အခြောက်လှန်းပြီး ဆီနှင့်ကြော်စား၍သော်လည်း‌ကောင်း စားသုံးနိုင်ပါသည်။ ကန်စွန်းဥကိုပြုတ်၍ ဆီဆမ်းကာ သရေစာ အဖြစ် စားသုံးခြင်းကို အများကနှစ်ခြိုက်ကြပါသည်။

     ကန်စွန်းဥတွင် ရွှေဝါနှင့် ငချိပ်ဟူ၍ (၂)မျိုးရှိပြီး ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ရွှေဝါကန်စွန်းဥ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် ငချိပ်တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း ညောင်ပင်ဈေးရှိ ကန်စွန်းဥအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)