စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူဒေါ်စန်းလွင်၏ စိုက်ခင်းသို့ (၁၇.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးသော တိုင်ထောင်ပဲမျိုးမှာ မြှားနီမျိုးဖြစ်ပြီး နယုန်လဆန်းတွင် စတင်အစေ့ချစိုက်ပျိုးပြီး (၂)လခွဲအကြာ ဖြစ်သော တော်သလင်းလတွင်စတင်၍ ပဲသီးများကို ခူးဆွတ်ရပါသည်။ စိုက်ပျိုးသော ဧကမှာ တစ်ဧက ဖြစ်ပြီး တိုင်(၂၀၀၀)ခန့် စိုက်ပျိုးထားကြောင်း၊ တိုင်ထောင်ပဲများစတင်ခူးဆွတ်ချိန်တွင် အတောင့် (၇၅၀၀) မှ (၈၃၀၀)ထိ ခူးဆွတ်ရရှိကာ တစ်ရက်ခြား တစ်ခါခူးဆွတ်ရပြီး ခူးဆွတ်ချိန်မှာ (၁)လခွဲ (သို့) (၂)လအထိ ခူးဆွတ်ရောင်းချရပါသည်။ ထွက်ရှိလာသော တိုင်ထောင်ပဲသီးများကို မြို့တွင်းရှိ ပွဲစားများ က လက်လီ/ လက်ကားဝယ်ယူခြင်းနှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများ အနေဖြင့် လက်ကားဈေး(၁၀၀)တောင့်ပါတစ်အိတ်လျှင် (၅၀၀၀)ကျပ်၊ လက်လီဈေး(၁၀)တောင့်ပါတစ်စည်းလျှင် (၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် အကျိုး အမြတ်အနေဖြင့် ပဲတောင့်အထွက်နှုန်းနှင့် ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပျမ်းမျှ(၁၆)သိန်း (၂၀)သိန်းခန့်ရရှိကြောင်း သိရပါသည်။ တိုင်ထောင်ပဲ တစ်ဧကစိုက်လျှင် ကုန်ကျစရိတ်အနေဖြင့် (၈သိန်း) ကျပ်ခန့်ကုန်ကျ၍ အရင်းအနှီးနည်းပြီး အမြတ်အစွန်းများရသဖြင့် စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ပါသည်။
DOCA(ပဲခူး)