၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ရှိ ကျေးလက်ဒေသများရှိ ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။
ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာ (၄၀၀၀) ကျပ် ဖြစ်ပြီး ယခုအခါ ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အလုံးအလတ်ဈေးနှုန်း တစ်ပိဿာလျှင် (၄၅၀၀) ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဩဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)