Main menu

မြိတ်ဒေသထွက် ကွမ်းသီးစျေးနှုန်းစျေးကွက်

Powered by Drupal

   ကွမ်းသီးသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အများဆုံးထွက်ရှိပြီး အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြပါသည်။ ကွမ်းသီတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့် ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက် ရှိကြပါသည်။

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ (၁၉.၉.၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီး ခြောက်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနု တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့် ဖြစ်ပေါ်နေပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)