မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်သို့ ခရမ်းချဉ်သီးများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများတွင် ခရမ်းချဉ်သီး စိုက်ပျိုးရာသီချိန်မဟုတ်၍ သီးနှံထွက်ပေါ်မှုမရှိသေးခြင်းကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများနှင့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)မှစ၍ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် (၃၅၀၀-၄၀၀၀)ဈေးဖြင့် ဈေးတက်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်(စတုတ္ထပတ်)တွင် ဈေးကွက်သို့ ခရမ်းချဉ်သီးများ ဝင်ရောက်မှုများခြင်းကြောင့် ဈေးအနည်းငယ်ကျဆင်းပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုစက်တင်ဘာလ(တတိယပတ်)တွင် မိုးများစွာရွာသွန်း၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ခရမ်းချဉ်သီးများ ဝင်ရောက်မှုနည်း၍ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၄၀၀၀-၃၀၀၀)ထိ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ပတ်အတွင်း ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)