Main menu

အရှိန်အဟုန်မပြတ် ဈေးကွက်သွက်လျက်ရှိတဲ့ နှမ်းနက်(စမုန်)

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ ၂၀၂၄ခုနှစ်အတွင်း စိုက်ပျိုးထွက်ရှိသည့် သိပ္ပံနှမ်းနက်(ခေါ်)နှမ်းနက်(စမုန်)များသည် ဩဂုတ်လလယ်ပိုင်းမှစ၍ အောင်လံမြို့ပေါ်ဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ကြောင်းသိရသည်။ ယခင်၂၀၂၃ခုနှစ် နှမ်းစိုက်ဧကမှာ (၅၈၈၃၃)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ဧကမှာ(၅၈၉၀၅)ခန့်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင်လည်း (၁)ဧကလျှင် (၆)တင်းမှ (၁၀)တင်းထိထွက်ရှိကြောင်းသိရသည်။

         ဈေးကွက်စတင်ချိန် ဩဂုတ်လ(တတိယပတ်)တွင် (၄၅)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၁၂၀၀၀) ဈေးရရှိခဲ့ပြီး စက်တင်ဘာလ(ပထမပတ်)တွင် ကျပ်(၆၁၂၀၀၀)ထိဈေးမြင့်ခဲ့ကြောင်း၊ (တတိယပတ်)တွင် ကျပ်(၅၇၀၀၀၀)ထိဈေးကျဆင်းခဲ့ကြောင်းသိရသည်။ သိပ္ပံနှမ်းနက်(ခေါ်) နှမ်းနက်(စမုန်)များကို ဂျပန်သို့တင်ပို့မည့်  Triple Fish၊ အောင်ကျွန်းသာ၊ တိုးတက်လင်း၊ ပြည့်ဖြိုးအောင်ကုမ္မဏီများမှဝယ်ယူကြပြီး တရုတ်ဝယ်လက် မန္တလေးကုန်သည်ကြီးများကလည်းဝယ်ယူကြောင်းသိရှိရသည်။

          ဈေးကွက်အနေဖြင့် တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ သရက်မြို့နယ်များမှ အောင်လံဈေးကွက်သို့ နေ့စဉ် နှမ်းဝင်ရောက်မှုများရှိပြီး အောင်လံမှ ရန်ကုန်မြို့တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့တင်ပို့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)