Main menu

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

   (၁၇-၉-၂၀၂၄) ရက်နေ့တွင် တောင်ကြီးမြို့ရှိ အမှတ်(၅)ဈေး၌ ရောင်းချလျက်ရှိသည့် အခြေခံစားသောက်ကုန်သီးနှံဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာ (၃၀၀၀)ကျပ်၊ ကြက်သွန်နီအသေး (၁)ပိဿာ (၂၈၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ (၁)လုံး ဥအသေး (၁)ပိဿာ (၂၀၀၀၀)ကျပ်၊ အာလူး (၁)ပိဿာ (၄၀၀၀)ကျပ်၊ ရုံးပတီသီး (၁)ပိဿာ (၆၀၀၀)ကျပ်၊ ဂေါ်ရခါးသီး (၁)လုံး (၅၀၀)ကျပ်၊ ဂေါ်ရခါးညွန့် (၁)စီး (၈၀၀)ကျပ်၊ ဖရုံညွန့် (၁)စီး (၁၀၀၀)ကျပ်၊ မုန်ညှင်း (၁)စီး (၁၀၀၀)ကျပ်၊ ကိုက်လန် (၁)စီး (၁၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံး (၃၅၀)ကျပ်၊ သံပုရာသီး (၁)လုံး (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုဈေးနှုန်းများမှာ ဩဂုတ်လနောက်ဆုံးအပတ်ဈေးနှုန်းများထက် ဈေးနှုန်းအနည်း၍ငယ်မြင့်တက် လျက်ရှိပြီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ မိုးရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသောကြောင့် သီးနှံဈေးနှုန်းများ ဝင်ရောက်မှုနည်းပါလျက်ရှိပြီး ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူထံမှ စုံစမ်း သိရှိရပါသည်။

DOCA(ရှမ်း)