Main menu

ရာသီဥတုအခြေအနေများကြောင့် ဈေးကွက်အတွင်း ဟင်းသီးဟင်းရွက်များ အရောင်းအဝယ်နည်းပါး

Powered by Drupal

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်များကို  စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်အတွင်း တင်ပို့ရောင်းချလျက်ရှိသော်လည်း ရာသီဥတုအခြေအနေအရ မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မိုးရေကြီးမှုများဖြစ်ပေါ်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်၍ ယခုအချိန်တွင် ဈေးကွက်အတွင်း သီးနှံများ ဝင်ရောက်မှုနည်းပါးလျက်ရှိကြောင်း သိရှိရပါသည်။

          ဒေသထွက် ဟင်းသီးဟင်းရွက် သီးနှံများဖြစ်သည့် ပန်းမုန်လာထုပ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ဂေါ်ရခါးသီး၊ ဖရုံသီး၊ ဘိုစားပဲသီး၊ ရုံပတေသီး၊ ခရမ်းသီး၊ ဒန့်ဒလွန်သီး၊ ဘူးသီး၊ ကျောက်ဖရုံသီး စသည်ဟင်းသီးများနှင့် မုန်ညှင်းရွက်၊ ကန့်လန်စန်ရွက်၊ ချဉ်ပေါင်၊ ကင်ပွန်းချဉ်ရွက်၊ ကန်စွန်းရွက်၊ ဘူးညွှန့်၊ ဖရုံညွှန့်၊ ဆီမုန်ညှင်းရွက်၊ မုန်ညှင်းဖြူထုပ်စသည် ဟင်းသီးဟင်းရွက်များသည်လည်း သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းနည်းပါးကာ ဝယ်ယူစားသုံးသူများပေါများပြီး ယခုအချိန်တွင် ရာသီဥတုအခြေအနေများကြောင်း အသီးအရွက်များ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့်အတွက် အရောင်းအဝယ်နည်းပါးကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)