Main menu

ဘားအံမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ စတ္ထုပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည် (၆၅၀၀) ကျပ်၊ ဧည့်မထဆန်(မနောသုခ) တစ်ပြည် (၃၆၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၆၀၀) ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင်(၇၄၀၀) ကျပ်၊ မြေပဲဆီတစ် ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်နှင့် ကြက်သွန်ဖြူ(ရှမ်းစ) ထူး တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ သကြား တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ မန်ကျည်းမှည့်သီး တစ်ပိဿလျှင် (၇၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငရုသီးခြောက် တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ မြေပဲဆန်တစ်ပြည် (၁၀၀၀၀) ကျပ်၊ ရိုးရိုးဆား ပိဿာလျှင် (၁၀၀၀)ကျပ် ၊ အာပြဲခြောက် တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၄၀၀) ကျပ်၊ ဘဲဥတစ်လုံး (၇၀၀) ကျပ်၊ အသား/ငါး ဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ ဆိပ်သားတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မွေးမြူရေးငါးခူ တစ်ပိဿာ (၈၀၀၀)ကျပ်၊ ပုစွန်(ဘော့ချိတ်) တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)