ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့နယ်တွင် ဂေါ်ရခါးသီး(ခေါ်)စူကာသီးများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။
ဂေါ်ရခါးသီး(ခေါ်)စူကာသီးများကို တစ်ဧကစိုက်ပျိုးလျှင် ခန့်မှန်းကုန်ကျစရိတ်မှာ အလုပ်သမားငှားရမ်းခ၊ စင်ထိုးရသောဝါးလုံး၊ မျောတိုင်နှင့် ဓာတ်မြေဩဇာအပေါ်မူတည်၍ ကုန်ကျစရိတ် သိန်း(၂၀) ကျပ်မှ သိန်း (၃၀)ကျပ်အထိကုန်ကျပြီး ဂေါ်ရခါးသီးကို စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ခန့်မှန်း (၄)လ အကြာတွင် စတင်ခူးဆွက်နိုင်ကြောင်း၊ အသီးများစောစောထွက်ပါက ဈေးကောင်းပိုရကြောင်းသိရှိရပါသည်။ အသီးသာမက အရွက်များကိုလည်းရောင်းချရကြောင်းသိရှိရပါသည်။ ဂေါ်ရခါးသီးတစ်လုံးလျှင် (၈၀)ကျပ်မှ (၁၀၀)ကျပ်အထိရောင်းချရကြောင်းနှင့် ထွက်ရှိလာသော ဂေါ်ရခါးသီးများကို ရှမ်းပြည်နယ်တွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့များသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိပါသည်။
DOCA(ရှမ်း)