Main menu

ဟင်္သာတကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော မတ်ပဲဈေးနှုန်းဈေးကွက်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မတ်ပဲဈေးနှုန်းမှာ တဖြည်းဖြည်းမြင့်တက်လာ၍ ဈေးကောင်းရရှိလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကာ ကုန်စည်ဒိုင်တွင်သာမက အပြင်ပွဲရုံများတွင်လည်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

          စက်တင်ဘာလ(ဒုတိယပတ်) ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော မတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၂၈၅၀၀)၊ (တတိယပတ်)တွင် ကျပ် (၁၃၁၅၀၀) ဖြစ်နေပြီး (ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀) ကျပ်ခန့်ဈေးနှုန်းမြှင့်တက်နေပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးသို့ တင်ပို့နေရကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(ဧရာဝတီ)