Main menu

မင်းဘူးမြို့နယ်၌ နှစ်ရှည်သီးပင်စားပင်ဖြစ်သည့် ဩဇာပင်စိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကျွဲသိုးမြှောင်၊ ထောက်ရှာပင်၊ ကျောက်တန်းနှင့် ရေမြက်ကျေးရွာတို့တွင် နှစ်ရှည်သီးနှံဖြစ်သည့် ဩဇာပင်ကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

      ဩဇာပင်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် စိုက်ပျိုးပြီး ၅ နှစ်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဩဇာသီး(အညိုရောင်) နှင့် (အစိမ်းရောင်)တို့ဖြစ်ပြီး အစိမ်းရောင်ကို  အများဆုံး စိုက်ကြောင်း၊  စိုက်ပျိုးရာတွင် ဩဇာစေ့ကို ပျိုးထောင်ကာ (၆)လသားအရွယ်တွင် မြေချ၍ စိုက်ကျင်း တစ်ကျင်းနှင့် တစ်ကျင်း(၈)ပေခြားကာ စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ဩဇာပင် (၂၅၀-၃၀၀)ခန့် စိုက်ပျိုးပြီး နှစ်ရှည်သီးပင်စားပင်ဖြစ်သောကြောင့် နှစ်စဉ်ပြုစုပျိုးထောင်ပြီး စတင်စိုက်ပျိုးသည်မှ အသီးခူးဆွတ်ရသည်အထိ တစ်ဧကလျှင် ငွေကျပ် ကုန်ကျစရိတ်အနေဖြင့် သိန်း(၃၅)ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၅ နှစ်ခန့်အကြာတွင် ဩဇာပင် တစ်ပင်လျှင် အလုံးရေ (၆၀-၈၀) ထွက်ရှိပြီး တစ်ဧကလျှင် အလုံးရေ(၂၄၀၀၀)ခန့် ထွက်ရှိ၍ ငွေကျပ် ၂၅၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ဩဇာသီး တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၄၀၀၀၊ ဩဇာသီးတစ်လုံးလျှင် အလုံးအကြီးအသေးပေါ် မူတည်၍ လက်ကားဈေး ငွေကျပ် ၂၅၀-၃၀၀ ဖြင့် မကွေး၊ မင်းဘူး၊ ပွင့်ဖြူမြို့များသို့ ရောင်းချပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ များသို့လည်း တင်ပို့ကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကြောင့် အထွက်နှုန်း အနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသူထံမှ သိရှိရသည်။

DOCA(မကွေး)