Main menu

ပဲစင်းငုံ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

           ကယားပြည်နယ်တွင် စပါး၊ ပြောင်းအပြင် ပဲစင်းငုံသီးနှံကိုလည်း အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ပဲစင်းငုံသီးနှံစိုက်ပျိုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက (၅၅၅၁)ဧက၊ ရိတ်ဧက(၅၅၅၁)ဧက၊ တစ်ဧကအထွက်နှုန်း(၁၃.၂၄)တင်း၊ စုစုပေါင်းအထွက်မှ ာ(၇၃၅၁၄)တင်းထွက်ရှိပြီး ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲစင်းငုံ သီးနှံစိုက်ပျိုုးထွက်ရှိမှုအခြေအနေမှာ စိုက်ဧက(၇၃၀၃)ဧက၊ ရိတ်ဧက(၇၃၀၃)ဧက၊ တစ်ဧက အထွက်နှုန်း(၁၃.၂၄)တင်း၊ စုစုပေါင်းအထွက်နှုန်းမှာ(၉၆၇၁၀)တင်းထွက်ရှိပါကြောင်း ၊ ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ကြည့်လျှင် စိုက်ဧက(၁၇၅၂)ဧက၊ ရိတ်ဧက(၁၇၅၂)ဧက၊ စုစုပေါင်းအထွက်(၂၃၁၉၆)တင်း လျော့နည်းလျှက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းများအရသိရှိရပြီး စိုက်ဧက၊ အထွက်နှုန်းလျော့နည်းလာရခြင်းမှာ ပြည်နယ်တွင်းရှိအချို့ဒေသများသည် စိုက်ပျိုးရာသီချိန်တွင် အချိန်မီ စိုက်ပျိုးနိုင်ရေးအခက်အခဲများကြောင့် စိုက်ဧကလျော့နည်း၍ အထွက်နှုန်းလည်း လျော့နည်းရခြင်းဖြစ်သည်ဟု သိရှိရပါတယ်။

          ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံသီးနှံများကို ယခင် မတ်လ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်ပိဿာကို(၂၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သော်လည်း ယခု ဧပြီလ ပထမပတ်တွင် ပဲစင်းငုံတစ်ပိဿာကို(၁၉၀၀)ကျပ် ဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီးဈေးနှုန်းအနည်းငယ်ကျဆင်းရခြင်းမှာ နိုင်ငံခြားငွေလှဲနှုန်းကျဆင်းသွားခြင်းကြောင့်ဖြစ်သည်ဟု ပဲစင်းငုံကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။

DOCA(ကယား)