Main menu

မုံရွာကြက်ဥဈေးကွက် အခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကြက်ဥအရောင်းဒိုင်‌ (၁၀) ဒိုင်ကျော်ရှိရာ ကိုဗစ်ကာ-၁၉ ကာလ ပထမလှိုင်းမှစ၍ ၂၀၂၂ ခုနှစ်၊ မတ်လကုန် အထိ ကြက်ဥစားသုံးမှုများလာသည့်အတွက် မုံရွာကြက်ဇုန်မှ ထွက်ရှိသော ကြက်ဥများဖြင့် ရောင်းချရန် လုံလောက်မှုမရှိ၍ ဈေးကွက်လိုအပ်ချက်အရ ကျောက်ဆည်၊ မြစ်သားမြို့များရှိ ကြက်ဇုန်များအထိ နှစ်ရက်ခြားသွားရောက်၍ ဝယ်ယူရောင်းချကြရကြောင်း သိရှိရသည်။

           ကြက်ဥတစ်ကဒ်တွင် အလုံး(၃၀) ပါရှိပြီး (၁၀)ကဒ်တွဲ တစ်စီးတွင် အလုံး(၃၀၀) ပါရှိကြောင်း၊ ကြက်ဥကိုပိဿာချိန်ဖြင့် ရောင်းချကြကြောင်း အရွယ်အစားပေါ် မူတည်၍ တစ်ပိဿာလျှင် (၂၂)လုံးမှ (၃၀) လုံးအထိပါရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ပထမလှိုင်း မတိုင်မီက ကြက်ဥတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၅၀၀)ကျပ်ဈေးရှိခဲ့ပြီး ယနေ့ ဈေးကွက်တွင် လက်ကားတစ်ပိဿာ (၃၅၀၀)ကျပ်နှုန်း၊ လက်လီတစ်ပိဿာ (၃၉၀၀)ကျပ် ပေါက်ဈေး ဖြစ်ပေါ်နေပြီး မြို့တွင်းလက်လီလက်ကားဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းရှင်များသို့ ရောင်းချရသလို နယ်ဈေးကွက်အားဖြင့် ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ဘုတလင်၊ စိုင်ပြင်၊ ရေဦး၊ တန့်ဆည်၊ အရာတော်မြို့နယ်များမှ နေ့စဉ်အဝင်ရှိ၍ အရောင်းအဝယ်သွက်လျက်ရှိသည်ဟု ကြက်ဥ အရောင်းဒိုင်များမှ သိရှိရသည်။

DOCA(စစ်ကိုင်း)