Main menu

ဒေသထွက်ကုန် ထန်းလျှော်၊ ထန်းခေါက်တောင်းလုပ်ငန်း

Powered by Drupal

                 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ထန်းလျှော်ထန်းခေါက်တောင်းလုပ်ငန်းမှာ အသေးစားအိမ်တွင်း လက်မှုလုပ်ငန်းအဖြစ် ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီးတိုင်းလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသည်။

          ထန်းလက်လျှော်ဖြင့် ထန်းခေါက်တောင်းလုပ်ရာတွင် ကုန်ကြမ်းရရှိမှုအနေဖြင့် မိမိတို့ဒေသကျေးရွာထွက် ထန်းလက်မှ ရရှိသည့်ထန်းလျှော်များကိုသာအသုံးပြုကြောင်း၊ လျှော်သတ်၊ လျှော်နွှာ၊ တောင်းရက်၊ တောင်းကွပ်၊ ခွေထည့်ဟူ၍ အဆင့်လေးဆင့်ဖြင့်ပြုလုပ်ဆောင်ရွက်ရပြီး၊ ထန်းလက် ၁၀၀ လျှင် ထန်းခေါက်တောင်း(၇)လုံးဝန်းကျင်ရရှိကြောင်း၊  သီးနှံများပေါ်ချိန်ဖြစ်သော  ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရာသီပေါ်သီးနံများ၊ ထန်းလျက်ခဲအစရှိသည့် ကုန်ပစ္စည်းများ သယ်ယူအသုံးပြုရန်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊  ဇူလှိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင်အရောင်းအဝယ်အေးပြီး တောင်းအကြီးအသေး လက်ရာပေါ်မူတည်၍ ကျပ် ၁၅၀၀ မှ ၇၀၀၀ အထိရှိကြောင်း၊ တောင်းအရွယ်အစားပေါ်မူတည်၍ လူတစ်ဦး တစ်ရက်လျှင် (၃)လုံး မှ (၅) လုံးထိ ရက်လုပ်နိုင်ကြောင်း၊ ထန်းခေါက်တောင်းရက်လုပ်ရာတွင် နေ့စဉ်ပုံမှန်လုပ်ငန်း ကျွမ်းကျင်မှုပေါ် မူတည်၍လုပ်သားတစ်ဦး တစ်ရက်လျင်အနည်းဆုံး (၅၀၀၀)ကျပ်မှ အများဆုံး (၈၀၀၀)ကျပ်ရရှိကြောင်း၊ တဆင့်‌‌ရောင်းချသူများ ကမိမိတို့လုပ်ငန်းသို့လာရောက် ဝယ်ယူကြကြောင်း  ထန်းလျှက်၊ ထန်းခေါက်တောင်းပြုလုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)