![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/128_9.jpg?itok=qloB4heR)
နနွင်းတက်အပင်များသည် မိုးတွင်းကာလတွင် အပင်များစတင်ထွက်ပေါ်လာပြီး ဝါဆိုလနှင့် ဝါခေါင်လများတွင် နနွင်းပွင့်များ စတင်ထွက်ပေါ်လာချိန်သာဖြစ်ပါသည်။ မိုးတွင်းကာလဖြစ်သည့်အတွက် နနွင်းတက်များလှိုင်လှိုင်ထွက်ပေါ်လာခြင်းမရှိသော်လည်း ယခင်နှစ်ကထွက်ရှိလာသည့် နနွင်းတက်များကို ကုန်သည်များက ပွဲရုံများသို့ရောင်းချထားသည့် နနွင်းတက်အဟောင်းများသာ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ နနွင်းတက်ပေါ်ချိန်မဟုတ်သည့် အတွက် ဈေးနှုန်းမှာ ယခင်လများဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်ကြောင်းသိရပါသည်။ နနွင်းတက်ဈေးမှာ ယခင်အပတ်တွင် နနွင်းတက်အကြီး ၁ပိဿာလျှင် (၁၄၀၀၀)ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုအပတ်တွင် (၁၅၀၀၀)ကျပ်ဈေးနှုန်းရှိပါသည်။ ခြင်ဆေးခွေအဖြစ် အသုံးပြုသည့် နနွင်းတက်အသေးများမှာ ယခင်အပတ်တွင် ၁ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ယခုအပတ်တွင် (၁၀၅၀၀)ကျပ်ဈေးနှုန်းနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)