Main menu

ပြည်ဘိုကိတ် လက်လီပဲဈေးကွက်မှာ ဈေးတရိပ်ရိပ်တက်နေ

Powered by Drupal

         ပြည်ပဲဈေးကွက်၌ ပဲသစ်ဝင်ရောက်ခြင်းမရှိဘဲ လက်ကျန်လှောင်ပဲတချို့ဖြင့် ရောင်းဝယ်နေ ကြသော ပဲသီးနှံများထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေပြီး လက်ကားရောင်းဝယ်မှုအပြင် လက်လီသမားများလည်း နေ့စဉ်အဝယ်ရှိနေခဲ့ကြောင်းသိရပါသည်။ လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ်၅၀ကျော်မှ ၁၀၀ထိ ရန်ကုန်ဝယ်လက်များဖြင့် ရောင်းဝယ်ခဲ့ကြပြီး လက်လီရောင်းဝယ်မှုမှာ ဒေသတွင်းဝယ်လက်တချို့ဖြင့် တစ်ရက်လျှင် အိတ်၂၀ကျော်ရောင်းချမှုရှိခဲ့ကြပါသည်။ ဘိုကိတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ကျပ် (၁)သိန်းဖြင့် ဩဂုတ်လကုန်ပတ်၌ ရောင်းဝယ်ခဲ့ကြရသည့်အတွက် အခြားပဲများနည်းတူ ဈေးနှုန်းမြင့်တက်လာပြီး စက်တင်ဘာလကုန်ပတ်တွင် တစ်တင်း ၁၃၀၀၀၀ကျပ်ထိရရှိနေသည်ကိုတွေ့ရပါသည်။ ယခင်နှစ် ယခုကဲ့သို့သောကာလတွင် ဘိုကိတ်ပဲသီးနှံဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ်၆သောင်းကျော်သာရရှိခဲ့သောကြောင့် ဈေးကွက်အတွင်း ဈေးအေးခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လကတည်းက ဈေးတရိပ်ရိပ်တက်လျက်ရှိနေခဲ့ပြီး စက်တင်ဘာလကုန်ပတ်တွင်  တစ်တင်းလျှင် ၁၃၀၀၀၀ကျပ်ထိရရှိလာကြောင်းသိရပါသည်။

DOCA(ပဲခူး)