Main menu

မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ ရက်ကန်းလုပ်ငန်းများ အကျိုးအမြတ်ရရှိနေ

Powered by Drupal

         မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ကျေးရွာတစ်ခုဖြစ်သည်။ ကော့ပရံကျေးရွာတွင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်သည့် အိမ်ခြေ (၃၀) ခန့်ရှိကြောင်းသိရှိရသည်။ ရက်လုပ်သည့်အထည်များမှာ ကရင်လုံချည်၊ ကရင်အင်္ကျီ၊ အမျိုးသမီးဝတ် ကရင်ဂါဝန်များကိုရက်လုပ်ကြသည်။

         ချည်ထည်ရက်လုပ်ရန် ကုန်ကြမ်းဖြစ်သော ချည်ခင်များကို မော်လမြိုင်နှင့် ကရင်ပြည်နယ်တို့မှ ဝယ်ယူရရှိပြီး ချည်ခင် (၁၀၅) ခင်ပါ ချည်တစ်ထုပ်လျှင် (၁၀၉၀၀၀) ကျပ်ဖြင့်ဝယ်ယူရရှိကြောင်း၊ အမျိုးသမီးဝတ် ဂါဝန်တစ်ထည်ရက်လုပ်ရန် ချည်ခင် (၉) ခင်အသုံးပြုရပြီး ကုန်ကြမ်းကုန်ကျစရိတ် (၁၀၀၀၀) ကျပ်နှင့် ရက်လုပ်ခမှာ တစ်ထည်လျှင် (၃၀၀၀) ကျပ်ရှိရာ ဂါဝန်တစ်ထည်ရက်လုပ်ရန် စုစုပေါင်း (၁၃၀၀၀) ကျပ်ကုန်ကျစရိတ်ရှိပြီး တစ်ထည်လျှင် (၁၅၀၀၀) ကျပ်ဖြင့် ကရင်ပြည်နယ်သို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။ ရက်လုပ်သူများအနေဖြင့် တစ်ထည်ရက်လုပ်ခ (၃၀၀၀) ကျပ်ရရှိပြီး တစ်နေ့လျှင် (၄) ထည်မှ (၅) ထည်ထိရက်လုပ်နိုင်ပြီး တစ်နေ့လျှင် ပျမ်းမျှ (၁၅၀၀၀) ကျပ်ဝင်ငွေရရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)