ကယားပြည်နယ်သည် စပါး၊ ပြောင်း၊ နှမ်း သီးနှံတို့ကို အဓိကစိုက်ပျိုးသောဒေသ ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ အခြားဒေသမှ ပြည်နယ်တွင်းသို့ ဆန်တင်သွင်းမှုမှာ (၁၇၄၈၈)အိတ်၊ (၈၇၄)တန်၊ ကယားပြည်နယ်မှ အခြားဒေသသို့ ဆန်တင်ပို့မှုမှာ (၂၀၈၂၄)အိတ်၊ (၁၀၄၁)တန်၊ ပြောင်းတင်ပို့မှုမှာ (၁၈၄၃၀၅)အိတ်၊ ( ၉၀၂၉) တန်နှင့် နှမ်း တင်ပို့မှုမှာ (၆၆၁၀)အိတ်၊ (၁၆၂)တန်တို့ဖြစ်ပြီး ဆန်ကို ရန်ကုန်၊ မန္တလေးသို့လည်းကောင်း၊ ပြောင်းကို မြဝတီမြို့သို့လည်းကောင်း၊ နှမ်းကို မန္တလေးသို့လည်းကောင်း အများဆုံးတင်ပို့ခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။
DOCA(ကယား)