Main menu

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဧပြီလ ပထမပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်း ကျပ် ၃၅၀၀၀၊ ပဲစဉ်းငုံ တစ်တင်း ကျပ် ၄၂၅၀၀၊ မတ်ပဲ တစ်တင်း ကျပ် ၄၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၃၉၅၀၀၊ ကုလားပဲ 929 တစ်တင်း ကျပ် ၄၀၃၀၀၊ ကုလားပဲ V2 တစ်တင်း ကျပ် ၄၃၆၀၀၊ ကုလားပဲ V3,7 တစ်တင်း ကျပ် ၄၃၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

           ဂျုံဖြူသန့်တစ်တင်း ကျပ် ၃၈၃၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၅၃၀၀၀၊ ပဲနီလုံး ရိုးရိုး တစ်တင်း ကျပ် ၃၈၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၃၉၅၀၀၊  ပဲပုတ်စေ့ တစ်တင်း ကျပ် ၄၈၃၀၀၊ ထောပတ်ပဲ တစ်တင်း ကျပ် ၄၄၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၄၈၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်း ကျပ် ၁၆၁၀၀၊ ဆီထွက်သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများမှာ နှမ်းညိုတစ်တင်း ကျပ် ၅၂၀၀၀၊ နှမ်းနက်တစ်တင်း ကျပ် ၇၆၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၅၈၀၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၃၇၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ကျပ် ၃၄၀၀၊ ပဲဖတ်တစ်ပိဿာကျပ် ၁၅၇၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၁၂၇၀၊ နေကြာဖတ် တစ်ပိဿာ ကျပ် ၁၀၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

               ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများမှာ အနည်းငယ်ဈေးကျနေပြီး၊ ဆီထွက်သီးနှံ ဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံဈေးနှုန်းများမှာလည်း ပုံမှန် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)