ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင်တို့အား ဆက်သွယ်၍ အကြိမ်ကြိမ် စေ့စပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သော်လည်း သဘောတူညီမှုမရရှိသည့်အတွက် နေပြည်တော် စားသုံးသူရေးရာကော်မတီသို့ တင်ပြဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူရေးရာကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးမှ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ - ၅၂ အရ စီးပွားရေး လုပ်ငန်းရှင်အား စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ အမိန့်ချမှတ်ဆောင်ရွက်သွားရန်နှင့် အမိန့်ချမှတ်ဆောင်ရွက်ပြီးပါက စားသုံးသူကာကွယ်ရေးနည်းဥပဒေ၊ ဥပဒေပုဒ်မ ၉၅ (က)အရ စနစ်တကျ မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သဖြင့် နေပြည်တော်ဦးစီးမှူးရုံးမှ တိုင်ကြားခံရသည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ-၅၂၊ ပုဒ်မခွဲ (က)၊ (ဃ)အရ “ သတိပေးခြင်းနှင့် တိုင်ကြားသူ ပြင်ဆင်ရန်အပ်နှံထားသည့် ကုန်စည်အတွက် လျော်ကြေးငွေကျပ် ၆၀၀,၀၀၀/- (ခြောက်သိန်းကျပ်တိတိ)ကိုပေးလျော်စေရန်” စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်ချ မှတ်ဆောင်ရွက်ခဲ့ပါသည်။ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်အရ တိုင်ကြားခံရသည့် လုပ်ငန်းရှင်မှ တိုင်ကြားသူသို့ ငွေကျပ် ၆၀၀,၀၀၀/-ကို ပြန်လည်ပေးလျော်ခဲ့သောကြောင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရရှိသဖြင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက် လက်မှတ်ရေးထိုးစေခဲ့ပြီး တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
Mobile Sale & Service ဆိုင်၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ်ဖြေရှင်းပေးမှု အခြေအနေ
Powered by Drupal