Main menu

အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက်ကုမ္ပဏီတစ်ခုထံမှ ISP Service Wifi ကို လစဉ်ကြေး(၃)လလျှင် ၁၀၀,၀၀၀/-ဖြင့် ၁၂-၁၂ -၂၀၂၃ ရက်နေ့မှ စ၍သုံးစွဲခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် သက်တမ်းတိုးခဲ့သော်လည်း ဩဂုတ်လအတွင်း လိုင်းများမကြာခဏပြတ်တောက်နေသည့်အတွက် ဆက်လက်သုံးစွဲလိုခြင်းမရှိသောကြောင့် သက်တမ်းတိုးခဲ့သည့် (၂)လစာ လက်ကျန်သက်တမ်းများအတွက် Refund ပြန်လည်တောင်းဆိုရာတွင် ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အင်တာနက်ကုမ္ပဏီမှ  တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ အင်တာနက်ကုမ္ပဏီမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်မေးမြန်း၍ ဆက်လက်သုံးစွဲလို ခြင်းမရှိပါက Policy မရှိသော်လည်း အဆင်ပြေစေရန်အတွက် Refund ပြန်လည်ပေးမည်ဖြစ်ပါကြောင်း၊ ဆက်လက်သုံးစွဲမည်ဆိုပါက စက်ပျက်ခဲ့သည့် ရက်များအား (၁၅) ရက်အစားထိုးပေးမည် ဖြစ်ပါကြောင်း ညှိနှိုင်းပေးခဲ့ပါသည်။ တိုင်ကြားသူ၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်အရ လက်ရှိဝယ်ယူ အသုံးပြုနေသော အင်တာနက် ဝန်ဆောင်မှုအား ဆက်လက်အသုံးပြုမည်ဖြစ်သောကြောင့် ကုမ္ပဏီဘက်မှလည်း အင်တာနက်လိုင်းဆွဲအား တိကျမှန်ကန်စေရန် လိုအပ်သောပြုပြင်ခြင်းများနှင့် ပေးသွင်းထားသည့် ဝန်ဆောင်မှုကုန်ဆုံးမည့်နေ့ရက်အပြင် (၁၅)ရက်တိတိ ထပ်မံဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါကြောင်း နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

 

a